Thursday, February 14, 2008

the last words of Padoh Mahn Sha



၂၀၀၈ မေလမှာ ပြုလုပ်မယ်လို့ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲ နဲ့ ပတ်သက်လို့ KNU က ကြေညာချက် ထုတ်ပါတယ်။
ဖေဖော်ဝါရီ ၁၄မှာထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက ခေတ်ပြိုင်သတင်းဌာနကို အခုလို ပြောခဲ့ပါတယ်။

“ဒီတရားမ၀င်တဲ့ ၁၀၄ ချက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်ရင် ဒီမိုကရေစီကိုလည်း မသွားဘူး၊ ဖယ်ဒရယ်ကို လည်းမသွားဘူး၊ အာဏာရှင်စနစ်တရားဝင်ဖြစ်ဖို့နဲ့ ရေရှည်ခိုင်မြဲဖို့အတွက် လုပ်တာ ဖြစ်တယ်။ ဒီကိစ္စ အတည်ပြုပြီးရင် ပြည်သူလူထုတရပ်လုံးဟာ ရာသက်ပန် စစ်ဖိနပ်အောက်မှာ ကျွန်သားပေါက်ဘ၀နဲ့ နေသွားရမှာ ဖြစ်တယ်”

“နအဖ ခဏခဏကြေညာနေတာက သူ့လူတွေ (၂၆) သန်းရှိတယ်လို့ တချိန်လုံးပြောနေ တာဟာ သူတို့မတော်မတရားလုပ်ဖို့ ကြံစည်နေတာဖြစ်တယ်။ နဂိုကတည်းက လူထုဆန္ဒကို လေးစားတာ မဟုတ်ဘူး။ နိုင်ငံတာကာနဲ့ UNက ဒီလိုမျိုးသူတို့ဇွတ်လုပ်နေတာ တိုင်းပြည်အတွက် နိုင်ငံရေးအရပြေလည်မှုကို မဖြစ်စေတဲ့အပြင် ပိုမိုပြီးတော့ အခြေအနေဆိုးဝါးလာနိုင်တယ်ဆိုတာ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကိုကြည့်ရင် တိုင်းပြည်ဟာ ဘယ်လောက်တင်းမာနေသလဲ၊ စီးပွားရေး ချွတ်ခြုံကျနေသလဲဆိုတာ အင်မတန်မှထင်ရှားပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ သူတို့လုပ်ရပ်ကို ကျနော်တို့လုံးဝလက်မခံနိုင်ဘူးဆိုတာကို ထုတ်ပြန်ရတာဖြစ်တယ်”




No comments: